23. ငါသည် ငါ့အသက်ဖြင့်အာမခံ၍ ဘုရားသခင်ကိုသက်သေအဖြစ်ထားလျက်ဆိုသည်ကား ကောရိန္သုမြို့သို့ ငါမလာသေးဘဲနေခြင်းသည် သင်တို့ကိုညှာတာ၍သာဖြစ်၏။
24. ငါတို့သည် သင်တို့၏ယုံကြည်ခြင်းကို ချုပ်ကိုင်ထားကြသည်မဟုတ်။ သင်တို့၏ဝမ်းမြောက်ခြင်းအတွက် သင်တို့နှင့်အတူလုပ်ဆောင်သောသူများသာဖြစ်ကြ၏။ အကြောင်းမူကား သင်တို့သည် ယုံကြည်ခြင်းဖြင့် ရပ်တည်ကြပြီဖြစ်၏။