13. သူတို့သည် အလျင်အမြန်ထသဖြင့်၊ အသီး အသီးမိမိတို့ ဝတ်လုံကိုယူ၍ လှေကားထိပ်ပေါ် ယေဟုအောက်မှာခင်းလျက်၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ ၏ဟု တံပိုးမှုတ်၍ ဟစ်ကြော်ကြ၏။
14. ထိုသို့နိမ်ရှိသားယောရှဖတ်၏ သားယေဟုသည် ယောရံမင်း တဘက်သင်းဖွဲ့လေ၏။ ထိုအခါ ရှုရိရှင်ဘုရင် ဟာဇေလကြောင့်၊ ယောရံမင်းနှင့် ဣသရေလလူအပေါင်းတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကို စောင့်ရှောက် ကြ၏။
15. သို့ရာတွင် ယောရံမင်းသည် ရှုရိရှင်ဘုရင်ဟာဇေလကို စစ်တိုက်သောအခါ၊ ရှုရိလူထိခိုက်သော အနာကို ပျောက်စေခြင်းငှါ ယေဇရေလမြို့သို့ ပြန်သွားနှင့်ပြီ။ ယေဟုကလည်း၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလမြို့သို့သွား၍ သိတင်းကြားပြောရသော သူတစုံတယောက်ကိုမျှ မြို့ထဲက မထွက်မသွားစေနှင့်ဟုစီရင်၏။
16. ထိုသို့ယောရံမင်းသည် ယေဇရေလမြို့၌ ရှိနေ သောကြောင့်၊ ယေဟုသည် ရထားကိုစီး၍ ထိုမြို့သို့ သွား၏။ ထိုအခါ ယုဒရှင်ဘုရင်အာခဇိသည်လည်း၊ ယောရံမင်းကို ကြည့်ရှုအံ့သောငှါ ရောက်လာပြီ။
17. ယေဇရေလမြို့၌ မျှော်စင်ပေါ်မှာ စောင့်သော သူသည်ရပ်လျက်၊ ယေဟုနှင့် လိုက်လာသော အလုံး အရင်းကို မြင်သောအခါ၊ လူအလုံးအရင်းကို ငါမြင် သည်ဟု ဆိုလျှင်၊ ဆီးကြိုခြင်းငှါ သွား၍ ငြိမ်သက်ခြင်း ရှိသလောဟု မေးမည်အကြောင်း၊ ယောရံသည် မြင်းစီး သူရဲတယောက်ကို စေလွှတ်သည်အတိုင်း၊
18. မြင်းစီးသူရဲသည် ဆီးကြိုခြင်းငှါသွား၍၊ ငြိမ် သက်ခြင်းရှိသလောဟု ရှင်ဘုရင်မေးတော်မူကြောင်းကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့ ဟုဆို၏။ စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် အလုံးအရင်းသို့ ရောက်၍ ပြန်မလာပါဟုဆိုသော်၊
19. ရှင်ဘုရင်သည် အခြားသော မြင်းစီးသူရဲတယောက်ကို စေလွှတ်ပြန်၍၊ သူသည်ရောက်သောအခါ၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင် မေးတော်မူကြောင်း ကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်း နှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့ဟု ဆို၏။
20. စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် ရောက်၍ ပြန်မလာပါ။ လာသောသူသည် နိမ်ရှိသားယေဟုနှင်တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင်၍ လာပါ သည်ဟုဆို၏။
21. ယောရံမင်းကလည်း၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆိုသည်အတိုင်း၊ မြင်းရထားကို ပြင်ဆင်ကြ၏။ ဣသရေလရှင်ဘုရင်ယောရံနှင့် ယုဒရှင်ဘုရင် အာခဇိတို့ သည် ရထားတော်တခုစီစီးလျက်ယေဟုကို ဆီးကြို မည်ဟု ထွက်သွား၍၊ ယေဇရေလမြို့သား နာဗုတ်၏ မြေကွက်တွင် တွေ့ကြ၏။
22. ယောရံသည် ယေဟုကိုမြင်လျှင်၊ ယေဟု ငြိမ်သက်ခြင်းရှိသလောဟု မေးသော်၊ ယေဟုက။ သင့်အမိယေဇဗေလပြုသော အဓမ္မမေထုန်အမှု၊ ပြုစားသော အမှုများသော ကာလအတွင်းတွင်၊ အဘယ်သို့သော ငြိမ်သက် ခြင်းရှိလိမ့်မည်နည်းဟု ပြန်ပြောသော်၊