၄ ရာ 8:21-23 Judson Bible (BJB)

21. ယဟောရံမင်းသည် ရထားစီးသူရဲအပေါင်းတို့ နှင့်တကွ၊ ဇာဣရမြို့သို့ စစ်ချီ၍ ညဉ့်အခါဝိုင်းသော ဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံသဖြင့်၊ ဧဒုံလူတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။

22. သို့သော်လည်း၊ ဧဒုံပြည်သည်ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်၏။

23. ယဟောရံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။

၄ ရာ 8