၄ ရာ 8:16-19 Judson Bible (BJB)

16. ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံငါးနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟောရံသည် နန်းထိုင်လေ၏။

17. အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ ယေရုရှလင်မြို့၌ မင်းပြု၍ ရှစ်နှစ်စိုးစံ၏။

18. အာဟပ်သမီးနှင့်စုံဘက်သဖြင့်၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။

19. သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိ သော သားမြေးတို့ ၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည် ဟု ဂတိတော်ရှိသောကြောင့်၊ ဒါဝိဒ်၏ မျက်နှာကို ထောက်၍၊ ယုဒပြည်ကို မဖျက်ဆီးဘဲ ထားတော်မူ၏။

၄ ရာ 8