11. စေ့စေ့ကြည့်ရှု၍ ဟာဇေလသည် မျက်နှာပျက် လေ၏။ ဘုရားသခင်၏ လူသည်လည်း မျက်ရည်ကျ၏။
12. ဟာဇေလကလည်း၊ သခင်သည် အဘယ်ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲ က၊ သင်သည် ဣသရေလအမျိုးသားတို့၌ပြုလတံ့သော ဘေးဥပဒ်တည်းဟူသော သူတို့၏ ရဲတိုက်များကို မီးရှို့ ခြင်း၊ လုလင်များကို ထားနှင့်သတ်ခြင်း၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမများ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော်၊
13. ဟာဇေလက၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက်နှင့် ဤမျှလောက်ကြီးသော အမှုကို ပြုရပါလိမ့်မည်လောဟု မေးပြန်သော်၊ ဧလိရှဲက၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် ငါ့အားပြတော်မူပြီဟုဆို၏။
14. ဟာဇေလသည်သွား၍ မိမိသခင့်ထံသို့ ရောက်သောအခါ၊ သခင်က၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်း ဟု မေးလျှင်၊ ကိုယ်တော်သည် အနာမှ ဆက်ဆက် ထမြောက်တော်မူမည်ဆိုပါသည်ဟု လျှောက်လေ၏။