၄ ရာ 6:7-13 Judson Bible (BJB)

7. ဆယ်ယူလော့ဟု ဧလိရှဲဆိုသည်အတိုင်း၊ တပည့်သည် လက်ကို ဆန့်၍ ဆယ်ယူ၏။

8. တဖန် ရှုရိရှင်ဘုရင်သည် ဣသရေလပြည်ကို စစ်တိုက်၍၊ ဤမည်သောအရပ်၊ ဤမည်သောအရပ်၌ ငါတို့သည် တပ်ချကြ ကုန်အံ့ဟု ကျွန်တို့နှင့် တိုင်ပင်သောအခါ၊

9. ဘုရားသခင်၏လူသည် ဣသရေလရှင်ဘုရင်ထံသို့ လူကိုစေလွှတ်၍၊ ဤမည်သောအရပ်ကို သတိပြုပါ။ ထိုအရပ်သို့ ရှုရိလူတို့သည် လာကြပြီဟု၊

10. သတိပေးသောအရပ်သို့ ဣသရေလရှင်ဘုရင်သည် လူကိုစေလွှတ်၍ တကြိမ်နှစ်ကြိမ်မက ရန်သူတို့ကို ရှောင်လေ၏။

11. ထိုအကြောင်းကြောင့် ရှုရိရှင်ဘုရင်သည် စိတ်ပူပန်၍ ကျွန်တို့ကို ခေါ်ပြီးလျှင်၊ ငါတို့တွင် အဘယ်သူသည် ဣသရေလရှင်ဘုရင်ဘက်၌ နေသည်ကို ငါ့အား မပြဘဲနေကြသနည်းဟုမေးသော်၊

12. ကျွန်တယောက်က၊ ထိုသို့မဟုတ်ပါ အရှင်မင်းကြီး၊ ကိုယ်တော်စက်တော်မူခန်းထဲ၌ မိန့်တော်မူသောစကားကိုပင်၊ ဣသရေလပြည်၌ရှိသော ပရောဖက်ဧလိရှဲသည်၊ ဣသရေလရှင်ဘုရင်အား ပြန်ပြောတတ်ပါသည် ဟု လျှောက်လေ၏။

13. ရှင်ဘုရင်ကလည်း၊ သူသည်အဘယ်အရပ်၌ ရှိသည်ကို သွား၍ ချောင်းကြည့်လော့။ သူ့ကို ဘမ်းဆီးစေခြင်းငှါ ငါစေလွှတ်မည်ဟု မိန့်တော်မူပြီးမှ၊ ဒေါသန်မြို့ ၌ ရှိပါသည်ဟု လျှောက်လေ၏။

၄ ရာ 6