20. မြို့ထဲသို့ရောက်ပြီးမှ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့သည် မြင်နိုင်မည်အကြောင်း သူတို့၏ မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ သူတို့၏မျက်စိ ကို ဖွင့်တော်မူသဖြင့်၊ သူတို့သည် မြင်၍ ရှမာရိ မြို့ထဲမှာ ရှိသည်ဟု သိကြ၏။
21. ဣသရေလရှင်ဘုရင်ကလည်း၊ အဘ၊ ထိုသူတို့ကိုထားနှင့် သတ်ရပါမည်လောဟု ဧလိရှဲအားမေးလျှင်၊
22. မသတ်ပါနှင့်။ ထားနှင့်ခုတ်လျက်၊ လေးနှင့် ပစ်လျက်စစ်တိုက်၍ ဘမ်းမိသောသူတို့ကို သတ်ရမည်လော။ သူတို့ရှေ့မှာ မုန့်နှင့်ရေကိုထည့် ၍သူတို့သည် စားသောက်ပြီးမှ၊ မိမိတို့သခင်ထံသို့ သွားပါစေဟု ဆိုလျှင်၊
23. များစွာသော စားစရာကို ပြင်ဆင်၍ စားသောက်စေပြီးမှ လွှတ်လိုက်သဖြင့်၊ သူတို့သည် မိမိတို့ သခင်ထံသို့ ပြန်သွားကြ၏။ ထိုနောက်မှ ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ဣသရေလပြည်သို့ မလာကြ။