1. ယုဒရှင်ဘုရင်ယောရှဖတ်နန်းစံဆယ်ရှစ်နှစ် တွင်၊ အာဟပ်သား ယောရံသည်ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို စိုးစံ၏။
2. ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကို ပြု၏။ သို့ရာတွင် မိဘကဲ့သို့မပြု။ ခမည်းတော်လုပ်သော ဗာလရုပ်တုကို ပယ်ရှား၏။
3. သို့သော်လည်း ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်၏သား ယေရောဗောင်ပြုသော ဒုစရိုက် အပြစ်ကို မရှောင်မှီဝဲ၏။
4. မောဘမင်းကြီး မေရှာသည် သိုးထိန်းကြီး ဖြစ်၍၊ ဣသရေလရှင်ဘုရင်အား သိုးသငယ်တသိန်းနှင့် အမွေး ပါသော သိုးထီးတသိန်းကို ဆက်ရ၏။