၄ ရာ 15:31-36 Judson Bible (BJB)

31. ပေကာပြုမူသောအမှုအရာ ကြွင်းလေသမျှတို့သည် ဣသရေလရာဇဝင်၌ရေးထားလျက်ရှိ၏။

32. ဣသရေလရှင်ဘုရင် ရေမလိသားပေကာ နန်းစံနှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ဩဇိသားယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍၊

33. ယေရုရှလင်မြို့၌ ဣသရေလနိုင်ငံကို တဆယ် ခြောက်နှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဇာဒုတ်သမီး ယေရုရှာအမည်ရှိ၏။

34. ထိုမင်းသည် ခမည်းတော် ဩဇိကျင့်သမျှ အတိုင်း၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။

35. သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍၊ နံ့သာပေါင်းကိုမီးရှို့ကြ၏။ ထိုမင်းသည် ဗိမာန်တော်အထက် တံခါးကို လုပ်လေ၏။

36. ယောသံပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏၊

၄ ရာ 15