၄ ရာ 14:4-7 Judson Bible (BJB)

4. သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာ ပေါင်းကို မီးရှို့ကြ၏။

5. အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သော ကျွန်တို့ကို သတ်လေ၏။

6. သားအတွက်အဘသည် အသေမခံရ။ အဘအတွက် သားသည် အသေမခံရ။ လူတိုင်းမိမိအပြစ်ကြောင့် အသေခံရ၏ဟု မောရှေပညတ္တိကျမ်းစာ၌ ရေးထားလျက်ရှိသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်၍ ခမည်းတော်ကိုသတ်သောသူတို့၏ သားများကိုမသတ်ဘဲ နေ၏။

7. အာမဇိမင်းသည် ဧဒုံအမျိုးသားတသောင်းကို ဆားချိုင့်၌ သတ်၍ သေလမြို့ကို တိုက်သဖြင့်၊ ယနေ့တိုင်အောင် ယုဿေလဟူ၍ သမုတ်လေ၏။

၄ ရာ 14