၄ ရာ 14:16-22 Judson Bible (BJB)

16. ယဟောရှသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဣသရေလရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်းတော်အရာ၌နန်းထိုင်၏။

17. ဣသရေလရှင်ဘုရင်ယောခတ်သား ယဟောရှသေသည်နောက်၊ ယုဒရှင်ဘုရင်ယောရှသားအာမဇိသည် တဆယ်ငါးနှစ် အသက်ရှင်သေး၏။

18. အာမဇိ ပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။

19. ထိုမင်းတဘက် ယေရုရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့ စေလွှတ်၍ သတ်စေပြီးမှ၊

20. မြင်းပေါ်၌တင်လျက် ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။

21. ယုဒပြည်သူပြည်သားအပေါင်းတို့သည် အသက်တဆယ်ခြောက်နှစ်ရှိသော သားတော်ဩဇိကိုယူ၍ ခမည်းတော်အာမဇိအရာ၌ နန်းတင်ကြ၏။

22. ထိုမင်းသည် ခမည်းတော်သေသည်နောက်၊ ဧလတ်မြို့ကိုပြုစု၍ ယုဒနိုင်ငံထဲသို့ သွင်းပြန်၏။

၄ ရာ 14