၃ ရာ 7:21-28 Judson Bible (BJB)

21. ထိုတိုင်တို့ကို ဗိမာန်တော်ကနားပြင်ထဲမှာ စိုက်ထား၍ လက်ျာတိုင်ကိုယာခိန်၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ၏။

22. တိုင်ထိပ်အပေါ်မှာ ကြာပွင့်အပြောက်ရှိသည်ဖြစ်၍ တိုင်တို့သည် စေ့စုံကြ၏။

23. အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အစောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ၏။

24. ရေကန်အနားပတ်အောက်ပတ်လည်၌ အတောင်တတောင်လျှင် ဘူးသီးဆယ်လုံးစီစေ့အောင် ဘူးသီးနှစ်ပတ်ကို ရေကန်နှင့် တစပ်တည်း သွန်းလေ၏။

25. ထိုရေကန်သည် နွားတဆယ်နှစ်ခုအပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီ မျက်နှာပြုကြ၏။

26. ရေကန်သည် ဒုလက်တဝါးရှိ၏။ အပေါ်အနားပတ်လည်ဖလား အနားပတ်ကဲ့သို့ ကြာပွင့်အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။

27. တဖန်အလျားလေးတောင်၊ အနံလေးတောင် အမြင့်သုံးတောင်ပမာဏရှိသော ကြေးဝါခုံတဆယ်ကို လုပ်လေ၏။

28. ထိုခုံပုံသဏ္ဌာန်ဟူမူကား၊ ခုံပတ်လည်၌ အနားရစ်အဆင့်ဆင့်ရှိ၍ အနားရစ်ကြားမှာ၊

၃ ရာ 7