၃ ရာ 7:12-16 Judson Bible (BJB)

12. တန်တိုင်းကြီးသည် ဆစ်သောကျောက်သုံးတန်း၊ အာရဇ်သစ်ကြီးတတန်းဖြင့်ပြီး၏။ ဗိမာန်တော်အတွင်း တန်တိုင်း၊ နန်းတော်ကနားပြင်တန်တိုင်းတို့သည် ထိုအတူ ပြီးကြ၏။

13. ရှောလမုန်သည်လည်း၊ လူကိုစေလွှတ်၍ တုရုမြို့မှ ဟိရံကို ခေါ်လေ၏။

14. ထိုဟိရံကား၊ နဿလိအမျိုးမုတ်ဆိုးမသားဖြစ်၏။ သူ၏အဘကား၊ တုရုအမျိုးသားပန်းတဉ်းသမား ဖြစ်၏။ သားသည်လည်း ကြေးဝါအလုပ်ခပ်သိမ်းကို လုပ်တတ်သော ဥာဏ်ပညာနှင့်ပြည့်စုံသဖြင့်၊ ရှောလမုန်မင်းကြီးထံသို့လာ၍ အလုပ်ရှိသမျှကို ပြီးစီးစေ၏။

15. ထိုသူသည်အမြင့်တဆယ်ရှစ်တောင်၊ လုံးပတ်တဆယ်နှစ်တောင်ရှိသော ကြေးဝါတိုင်နှစ်တိုင်ကို သွန်းလေ၏။

16. တိုင်အပေါ်မှာ တင်စရာဘို့ အမြင့်ငါးတောင်ရှိသော ကြေးဝါတိုင်ထိပ်နှစ်ခုကိုလည်း သွန်းလေ၏။

၃ ရာ 7