၃ ရာ 6:3-10 Judson Bible (BJB)

3. အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့် ညီ၍ အလျား အတောင်နှစ်ဆယ်၊ အနံဆယ်တောင်ရှိ၏။

4. အိမ်တော်လင်းစရာဘို့ ကျဉ်းသော ပြတင်းပေါက်တို့ကို လုပ်လေ၏။

5. အိမ်တော်ပြင်ထရံနှင့်ဗျာဒိတ်ဌာနတော်ပြင် ထရံပတ်လည်၌ အခန်းတို့ကိုလည်း လုပ်လေ၏။

6. အောက်အခန်းသည် အနံငါးတောင်၊ အလယ်အခန်း အနံခြောက်တောင်၊ အထက်အခန်း အနံခုနစ်တောင်ရှိ၏။ အကြောင်းမူကား၊ အခန်းတို့သည် အိမ်တော်ထရံကိုယ်ထဲသို့ မဝင်။ ထရံဆုတ်လျက် ဆုတ်လျက် တက်၏။

7. ထိုအိမ်တော်ကို တည်လုပ်သောအခါ၊ ထိုအရပ်သို့မဆောင်ခဲ့မှီ ဆစ်ပြီးသော ကျောက်တို့ဖြင့်သာ တည်လုပ်သောကြောင့်၊ သံတူ၊ ပုဆိန်၊ သံတန်ဆာနှင့် လုပ်သော အသံမမြည်ရ။

8. အောက်အခန်းထဲသို့ဝင်သော တံခါးဝသည် အိမ်တော်လက်ျာဘက်မှာရှိ၏။ လိမ်သော လှေကားဖြင့် အလယ်အခန်းသို့၎င်း၊ အလယ်အခန်းမှ အထက်အခန်း သို့၎င်း၊ တက်ရ၏။

9. အိမ်တော်ကို တည်ပြီးမှ ထုပ်များတိုင်များကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်လေ၏။

10. ထရံအခန်းတို့သည်လည်း အမြင့်ငါးတောင်စီ ရှိ၏။ အာရဇ်ရက်မတို့သည်အိမ်တော်ကိုမှီလျက် ရှိကြ၏။

၃ ရာ 6