၃ ရာ 5:11-18 Judson Bible (BJB)

11. ရှောလမုန်သည်လည်း၊ ဟိရံ၏နန်းတော်သားများ စားစရာဘို့ တနှစ်တနှစ်လျှင် ဂျုံဆန်ကောရ နှစ်သောင်း၊ စစ်ပြီးသော ဆီကောရနှစ်ဆယ်ကို ပေး၏။

12. ထာဝရဘုရားသည်လည်း၊ ဂတိတော်ရှိသည်အတိုင်း၊ ရှောလမုန်အား ပညာကိုပေးတော်မူ၏။ ဟိရံမင်းနှင့်ရှောလမုန်မင်းနှစ်ပါးတို့သည် စစ်တိုက်ခြင်း မရှိ။ မိဿဟာယဖွဲ့ကြ၏။

13. ရှောလမုန်မင်းကြီးသည်လည်း၊ ဣသရေလလူအပေါင်းတို့တွင် လူသုံးသောင်းတို့ကို ခွဲခန့်၍၊

14. အလှည့်အလှည့်တလလျှင်တသောင်းစီ၊ လေဗနုန်တောင်သို့ စေလွှတ်သဖြင့်၊ ထိုလူတို့သည် လေဗနုန်တောင်ပေါ်မှာတလ၊ ကိုယ်နေရာအရပ်၌ နှစ်လနေရကြ၏။ ထိုလူတို့ကို အဒေါနိရံအုပ်ရ၏။

15. ထမ်းရွက်သောသူခုနစ်သောင်း၊ တောင်ရိုးပေါ်မှာ သစ်ခုတ်သောသူရှစ်သောင်းတို့ကိုလည်း စေခိုင်းတော်မူ၍၊

16. အုပ်ချုပ်သောမင်းအရာရှိမှတပါး လုပ်ဆောင်သော သူတို့ကို စီရင်သောသူ သုံးထောင်သုံးရာရှိ၏။

17. ရှင်ဘုရင်၏ အမိန့်တော်အတိုင်း အိမ်တော်တိုက်မြစ်အဘို့ ကြီးသောကျောက်၊ အဘိုးထိုက်သောကျောက်၊ ဆစ်ပြီးသောကျောက်တို့ကို ဆောင်ခဲ့ကြ၏။

18. ထိုသို့ရှောလမုန်မင်း၏လက်သမားတို့နှင့် ဟိရံမင်း၏လက်သမားတို့သည် ဂေဗာလအမျိုးသားတို့ နှင့်တကွ၊ အိမ်တော်ကို တည်ဆောက်စရာဘို့ သစ်သားများ၊ ကျောက်များတို့ကို ပြင်ဆင်ကြ၏။

၃ ရာ 5