၃ ရာ 4:11-16 Judson Bible (BJB)

11. ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန်၏သမီးတော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ်၏သား၊

12. တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက၊ ယုတ်နန်မြို့အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့်နီးစပ်သော ဗက်ရှန်မြို့နယ်လုံးကို စီရင်သော အဟိလုပ်၏သား ဗာန၊

13. ဂိလဒ်ပြည်၌ မနာရှေ၏သားယာ ဣရပိုင်သောမြို့များ၊ ဗာရှန်ပြည်၊ အာဂေါဘအရပ်၌မြို့ရိုး၊ ကြေးဝါတံခါးကျင်နှင့်ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင်သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ၏သား၊

14. မဟာနိမ်မြို့မှာ ဣဒေါ၏သားအဟိနဒပ်၊

15. နဿလိခရိုင်ကိုစီရင်သောသူ၊ ရှောလမုန်၏သမီးတော် ဗာသမတ်နှင့်စုံဘက်သောအဟိမတ်၊

16. အာရှာခရိုင်နှင့် အာလုပ်မြို့မှာ ဟုရှဲ၏သားဗာနာ၊

၃ ရာ 4