၃ ရာ 3:16-20 Judson Bible (BJB)

16. ထိုအခါ ပြည်တန်ဆာမိန်းမနှစ်ယောက်သည် လာ၍ ရှေ့တော်၌ ရပ်လျက်၊

17. မိန်းမတယောက်က အိုအရှင်၊ ကျွန်တော်မနှင့် ဤမိန်းမသည် တအိမ်တည်းနေကြပါ၏။ တအိမ်တည်းနေလျက် ကျွန်တော်မသည် သားမျက်နှာကိုမြင်ပါ၏။

18. သုံးရက်လွန်မှ တဖန်ဤမိန်းမသည် သားမျက်နှာကိုမြင်ပါ၏။ ထိုအိမ်၌ အဘယ်ဧည့်သည်မျှမရှိ။ သူနှင့် ကျွန်တော်မနှစ်ယောက်တည်းသာ ရှိပါ၏။

19. ဤမိန်းမသည် ညဉ့်အခါ မိမိသားငယ်ကိုဖိ၍အိပ်မိသောကြောင့် သားငယ်သေပါ၏။

20. သန်းခေါင်ယံ၌ သူသည်ထ၍ ကျွန်တော်မ အိပ်ပျော်စဉ်အခါ ကျွန်တော်မသားငယ်ကိုယူ၍ မိမိရင်ခွင်၌ ထားပါ၏။ သူ၏သားငယ် အသေကောင်ကိုမူကား၊ ကျွန်မ၏ရင်ခွင်၌ ထားပါ၏။

၃ ရာ 3