၃ ရာ 22:1-13 Judson Bible (BJB)

1. ရှုရိပြည်နှင့် ဣသရေလပြည်သည် စစ်မတိုက်ဘဲ သုံးနှစ်နေပြီးမှ၊

2. တတိယနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သည် ဣသရေလရှင်ဘုရင်ထံသို့ လာ၏။

3. ဣသရေလရှင်ဘုရင်ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သည် ငါတို့ နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့ မသိလော။ ငါတို့သည် ရှုရိရှင်ဘုရင်လက်မှ မနှုတ်မယူဘဲ ငြိမ်သက်စွာ နေကြပြီတကားဟု မိမိကျွန်တို့အားဆို၏။

4. ယောရှဖတ်မင်းအားလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ ငါနှင့်အတူ စစ်ချီမည်လောဟုမေးလျှင်၊ ယောရှဖတ်က၊ ငါသည်မင်းကြီးကဲ့သို့ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏လူကဲ့သို့၎င်း၊ ငါ့မြင်းတို့သည် မင်းကြီး၏မြင်းကဲ့ သို့၎င်းဖြစ်ကြသည်ဟု ဣသရေလရှင်ဘုရင်အား ပြန် ပြော၏။

5. တဖန်ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော်၊

6. ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာတို့ကို စုဝေးစေပြီးလျှင်၊ ငါသည်ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလောဟု မေးသော်၊ သူတို့ကချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ၏။

7. ယောရှဖတ်ကလည်း၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ ပရောဖက်တစုံ တပါးမျှမရှိသလောဟု မေးသော်၊

8. ဣသရေလရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသော သူတယောက်ဣမလသား မိက္ခာရှိသေး၏။ သို့ရာတွင် ထိုသူကို ငါမုန်း၏။ ငါ၌ မင်္ဂလာစကားကို မဟော။ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က ထိုသို့မင်းကြီး မပြောပါနှင့်ဟု ပြန်ဆို၏။

9. ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိတယောက်ကိုခေါ်၍၊ ဣမလသားမိက္ခာကို အလျင်အမြန်ခေါ်ခဲ့ဟု မိန့်တော်မူ၏။

10. ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက် ရှမာရိမြို့တံခါးဝရှေ့၊ ဟင်းလင်းသောအရပ်၌ ရာဇပလ္လင်တို့အပေါ်မှာထိုင်၍၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော်၌ ဟောပြောကြ၏။

11. ခေနာနာသားဇေဒကိသည် သံဦးချိုတို့ကိုလုပ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ရှုရိလူတို့ကို မဖျက်ဆီးမှီတိုင်အောင် ဤဦးချိုတို့နှင့် တိုးရမည်ဟုမိန့်တော်မူကြောင်းကို ဆင့်ဆို၏။

12. ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။

13. မိက္ခာကိုခေါ်သောတမန်က၊ ပရောဖက်အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်းဟောကြ၏။ ကိုယ်တော်လည်း သူတို့ ဟောကြသည်နည်းတူ မင်္ဂလာစကားကိုသာ ဟောတော်မူပါဟုဆိုလျှင်၊

၃ ရာ 22