၃ ရာ 20:34-38 Judson Bible (BJB)

34. ဗင်္ဟာဒဒ်ကလည်း၊ ငါ့အဘသည် ကိုယ်တော် အဘ၏ လက်မှ လုယူသော မြို့တို့ကို ငါပြန်ပေးပါမည်။ ငါ့အဘသည် ရှမာရိမြို့၌ ရှုရိတန်းကို လုပ်သကဲ့သို့ ကိုယ်တော်သည် ဒမာသက်မြို့၌ ဣသရေလတန်းကို လုပ်ရပါသည်ဟုဆိုလျက်၊ အာဟပ်ကထိုသို့ မိဿဟာယ ဖွဲ့လျက်၊ သင့်ကို ငါလွှတ်လိုက်မည်ဟုဆို၍ မိဿဟာယဖွဲ့လျက် လွှတ်လိုက်လေ၏။

35. ပရောဖက်အမျိုးသားတယောက်က၊ ငါ့ကို ရိုက်ပါလော့ဟု ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း အိမ်နီးချင်းအားဆို၏။ ထိုသူက ငါမရိုက်ပါဟု ငြင်းပယ်၏။

36. ပရောဖက်ကလည်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သောကြောင့် ငါ့ထံမှသွားစဉ်တွင်၊ ခြင်္သေ့သတ်လိမ့်မည်ဟုဆိုသည်အတိုင်း၊ ထိုသူသွားစဉ်တွင် ခြင်္သေ့တွေ့၍ သတ်၏။

37. အခြားသောသူကိုတွေ့၍ ငါ့ကိုရိုက်ပါလော့ဟု ဆိုပြန်လျှင်၊ ထိုသူသည် နာကျင်စွာရိုက်လေ၏။

38. ထိုပရောဖက်သည်သွား၍ မိမိမျက်နှာကို ပုဝါနှင့် ဖုံးအုပ်လျက် ရှင်ဘုရင်ကို ငံ့လင့်၏။

၃ ရာ 20