၃ ရာ 20:14-19 Judson Bible (BJB)

14. အာဟပ်ကလည်း၊ အဘယ်သူအားဖြင့် အပ်တော်မူမည်နည်းဟု မေးလျှင်၊ မြို့ဝန်များ၏လုလင်တို့အားဖြင့် အပ်မည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ဆင့်ဆို၏။ စစ်မှုကိုအဘယ်သူစီရင်ရမည်နည်းဟု မေးပြန်သော်၊ မင်းကြီးကိုယ်တိုင်စီရင်ရမည်ဟု ဆို၏။

15. အာဟပ်မင်းသည်မြို့ဝန်များ၏ လုလင်တို့ကို ရေတွက်၍ နှစ်ရာသုံးဆယ်နှစ်ယောက်ရှိ၏။ ဣသရေလအမျိုးသားအပေါင်းတို့ကို ရေတွက်ပြန်သော် ခုနစ်ထောင်ရှိ၏။

16. မွန်းတည့်အချိန်၌ ထွက်ကြ၏။ ဗင်္ဟာဒဒ်မင်းမူကား၊ ဝိုင်းသော မင်းကြီးသုံးဆယ်နှစ်ပါးတို့နှင့်တကွ တဲတော်၌ ယစ်မူးအောင်သောက်လျက် နေကြ၏။

17. မြို့ဝန်များ၏ လုလင်တို့သည် အရင်ထွက်ကြ၏။ ရှမာရိမြို့ထဲက လူထွက်ပါသည်ဟု ဗင်္ဟာဒဒ်မင်းထံသို့ စေလွှတ်၍ ကြားလျှောက်လျှင်၊

18. စစ်ငြိမ်းစေခြင်းငှါ ထွက်သည်ဖြစ်စေ၊ စစ်တိုက် ခြင်းငှါ ထွက်သည်ဖြစ်စေ၊ အရှင်ဘမ်းဆီးကြဟု မိန့်တော်မူ၏။

19. ထိုသို့မြို့ဝန်များ၏ လုလင်တို့သည် လိုက်သော ဗိုလ်ခြေနှင့်တကွ မြို့ထဲကထွက်၍၊

၃ ရာ 20