ယွာဘသည် ထာဝရဘုရား၏ တဲတော်သို့ ပြေးပါပြီ။ ယဇ်ပလ္လင် အနားမှာရှိပါသည်ဟု ရှောလမုန်မင်းကြီးအား လျှောက်သောအခါ၊ ယွာဘကို လုပ်ကြံ လော့ဟု ယောယဒသား ဗေနာယကို စေလွှတ်တော်မူ၏။