၃ ရာ 18:4-12 Judson Bible (BJB)

4. ယေဇဗေလသည် ထာဝရဘုရား၏ပရောဖက်တို့ကိုပယ်ဖြတ်သောအခါ၊ ဩဗဒိသည် ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးလေ၏။

5. အာဟပ်ကလည်း၊ တပြည်လုံးသို့လှည့်လည်၍ စမ်းရေတွင်းများ၊ ချောင်းများရှိရာအရပ်ရပ်သို့ သွားလော့။ တိရစ္ဆာန်အပေါင်းတို့သည် မသေ၊ မြင်းနှင့်လားတို့သည် အသက်လွတ်မည်အကြောင်း၊ မြက်ပင်ကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိအားဆိုလျက်၊

6. သူတို့သည် တပြည်လုံးကို နှံ့ပြားအောင် ဝေဖန်၍၊ အာဟပ်နှင့် ဩဗဒိသည် လမ်းတခြားစီ ထွက်သွားကြ၏။

7. ဩဗဒိသည်သွားစဉ်အခါ၊ ဧလိယသည် ဆီး၍ကြို၏။ ဩဗဒိသည် ဧလိယကိုသိ၍ ပြပ်ဝပ်လျက်၊ ကိုယ်တော်သည် အကျွန်ုပ်သခင် ဧလိယမှန်ပါသလောဟု မေးလျှင်၊

8. ဧလိယက ငါမှန်၏။ ဧလိယသည် ဤမည်သောအရပ်၌ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု ပြောဆိုသော်၊

9. ဩဗဒိကလည်း၊ ကိုယ်တော်ကျွန်၏ အသက်ကို သတ်စေခြင်းငှါ အာဟပ်၌ အပ်ရမည်အကြောင်း၊ ကိုယ်တော်ကျွန်သည် အဘယ်သို့ ပြစ်မှားဘိသနည်း။

10. ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်ကို ရှာစေ ခြင်းငှါ အကျွန်ုပ်သခင်မစေလွှတ်သော တိုင်းနိုင်ငံတခုမျှ မရှိပါ။ တကျွန်းတနိုင်ငံသားက၊ ဧလိယမရှိပါဟု လျှောက်သောအခါ၊ ကိုယ်တော်ကို ရှာ၍မတွေ့နိုင်ဟု ထိုတိုင်းနိုင်ငံသားတို့သည် အကျိန်ကိုခံရကြပါ၏။

11. ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု မိန့် တော်မူပါသည်တကား။

12. အကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား၍ အာဟပ်မင်းထံမှာ လျှောက်စဉ်တွင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် အကျွန်ုပ်မသိသောအရပ်သို့ ကိုယ်တော်ကို ဆောင်သွားတော်မူလျှင်၊ အာဟပ်မင်းသည် ကိုယ်တော်ကို မတွေ့နိုင်သောအခါ အကျွန်ုပ်ကို သတ်ပါလိမ့်မည်။ ကိုယ်တော်ကျွန်မူကား၊ အသက်ငယ်စဉ်ကာလ မှစ၍ ထာဝရဘုရားကို ရိုသေပါပြီ။

၃ ရာ 18