၃ ရာ 17:1-10 Judson Bible (BJB)

1. ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံးမိုဃ်းမရွာ၊ နှင်းမကျရဟု အာဟပ် မင်းအားမြွက်ဆို၏။

2. ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဧလိယသို့ ရောက်လာသည်ကား၊

3. သင်သည် ဤအရပ်မှ ထွက်သွားလော့။ အရှေ့သို့ပြောင်း၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍နေလော့။

4. ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့် တော်မူသည်အတိုင်း၊

5. ဧလိယသည်သွား၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ နေလေ၏။

6. ကျီးအတို့သည် နေ့တိုင်းနံနက်တခါ၊ ညဦးတခါ မုန့်နှင့်အမဲသားကို ဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်း သောက်ရ၏။

7. နောက်တဖန် မိုဃ်းမရွာသောကြောင့် ချောင်းရေခန်းခြောက်လေ၏။

8. ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ရောက်လာသည်ကား၊

9. သင်ထလော့။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သို့ သွား၍ နေလော့။ ထိုမြို့၌ နေသောမုတ်ဆိုးမတယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊

10. ဧလိယသည်ထ၍ ဇရတ္တမြို့သို့သွား၏။ မြို့တံခါး သို့ရောက်သောအခါ၊ မုတ်ဆိုးမသည် ထင်းခွေလျက်ရှိ၏။ ဧလိယက၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ်၍ဆို၏။

၃ ရာ 17