၃ ရာ 13:4-13 Judson Bible (BJB)

4. ထိုသို့ ဘုရားသခင်၏ လူသည် ဗေသလမြို့ ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်သော စကားကို ယေရောဗောင်မင်းကြီးသည် ကြားလျှင်၊ ယဇ်ပလ္လင်ပေါ်မှာရှိသော မိမိလက်ကိုဆန့်၍ ထိုသူကို ဘမ်းဆီးကြဟုဆိုလျက်၊ ဆန့်သောလက်သည် သွေ့ခြောက်၍ နောက်တဖန် မရုပ်နိုင်။

5. ဘုရားသခင်၏ လူသည်ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ပေးသောပုပ္ပနိမိတ်နှင့်အညီ ယဇ်ပလ္လင်ကွဲ၍၊ ပြာသည်လည်း ပလ္လင်ပေါ်က ယိုကျလေ၏။

6. ရှင်ဘုရင်ကလည်း၊ ငါ့လက်၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း၊ ငါ့အတွက် ပဌနာပြု၍ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်ပါလော့ဟုဘုရားသခင်၏ လူကိုပြောဆို၏။ ဘုရားသခင်၏လူသည် ထာဝရဘုရားကို တောင်းပန်သဖြင့်၊ ရှင်ဘုရင်လက်သည် ရောဂါပျောက်၍ ပကတိ အတိုင်း ဖြစ်လေ၏။

7. ရှင်ဘုရင်ကလည်း၊ ငါနှင့်အတူ လိုက်၍ အားဖြည့်လော့။ လက်ဆောင်ပေးမည်ဟု ဘုရားသခင်၏ လူအားဆိုလျှင်၊

8. ဘုရားသခင်၏လူက၊ နန်းတော်တဝက်ကို ပေးသော်လည်း သင်နှင့်အတူ ငါမလိုက်။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်းမသောက်ရ။

9. ထာဝရဘုရား၏ နှုတ်ကပတ်တော်က၊ မုန့်ကို မစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အား ပညတ်တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၏။

10. ထိုနောက် ဗေသလမြို့သို့ လာသောလမ်းကိုရှောင်၍ အခြားသောလမ်းဖြင့် ပြန်သွား၏။

11. ထိုကာလ၌ ဗေသလမြို့တွင် အသက်ကြီးသော ပရောဖက် တယောက်ရှိ၏။ သူ၏သားတို့သည်လာ၍ ဘုရားသခင်၏လူသည် ထိုနေ့၌ ဗေသလမြို့မှာ ပြုသောအမှုရှိသမျှနှင့် ရှင်ဘုရင်အားပြောသော စကားများကို အဘအား ပြန်ကြားလျှင်၊

12. ယုဒပြည်မှ လာသောဘုရားသခင်၏လူသည် အဘယ်လမ်းဖြင့် ပြန်သွားသည်ကို မြင်ကြသောကြောင့်၊ အဘက ထိုသူသည် အဘယ်လမ်း ဖြင့်ပြန်သွားသနည်းဟု မေးပြီးလျှင်၊

13. မြည်းကို ကုန်းနှီးတင်ကြလော့ဟု ဆိုသည် အတိုင်း၊ သားတို့သည် မြည်းကိုကုန်းနှီးတင်၍ အဘသည် စီးသွားလျက်၊

၃ ရာ 13