၃ ရာ 10:1-7 Judson Bible (BJB)

1. ရှေဘပြည်ကို အစိုးရသော မိဖုရားသည် ရှောလမုန်၏ဂုဏ်အသရေနှင့် ထာဝရဘုရား၏ နာမတော်သိတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကို စုံစမ်းခြင်းငှါလာ၏။

2. နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုပ်များ၊ လိုက်သောသူများနှင့်တကွ ယေရုရှလင်မြို့သို့ရောက်၍၊ ရှောလမုန်မင်းကြီးထံတော်သို့ဝင်သောအခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွေးမေးမြန်းလေ၏။

3. သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်မင်းကြီးသည် ဖြေလေ၏။ နားမလည်၍ မဖြေနိုင် သောအရာ တစုံတခုမျှမရှိ။

4. ရှေဘမိဖုရားသည် ရှောလမုန်၏ ပညာအလုံးစုံကို၎င်း၊ တည်ဆောက်သောအိမ်တော်ကို၎င်း၊

5. စားပွဲတော်တန်ဆာကို၎င်း၊ အမှုတော်စောင့်တို့နေရာထိုင်ရာကို၎င်း၊ လုလင်တို့ ခစားသည် အခြင်းအရာ ကို၎င်း၊ သူတို့ဝတ်သောအဝတ်တန်ဆာကို၎င်း၊ ဝန်စာရေးများကို၎င်း၊ ထာဝရဘုရား၏ အိမ်တော်၌ မီးရှို့ရာယဇ်ပူဇော်ခြင်းကို၎င်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊

6. ကိုယ်တော်၏ အခြင်းအရာနှင့်ကိုယ်တော်၏ပညာကို အကျွန်ုပ်သည် ကိုယ်ပြည်၌ကြားရသော သိတင်းစကားမှန်ပါ၏။

7. သို့သော်လည်း၊ ကိုယ်တိုင်ရောက်၍မမြင်မှီ ထိုစကားကိုမယုံ။ ယခုမူကား၊ အရင်ကြားသော စကားသည် တဝက်ကိုမျှမမှီ။ ကိုယ်တော်၏ ပညာနှင့်ကိုယ်တော်၏စည်းစိမ်သည် အကျွန်ုပ်ကြားရသော သိတင်းကို လွန်ကဲပါ၏။

16-17. ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုတ်လုပ်၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သော နန်းတော်၌ ထားတော်မူ၏။

၃ ရာ 10