15. ဒါဝိဒ်နှင့် ရှင်ဘုရင်၏ ပရောဖက်အာသပ်၊ ဟေမန်၊ ယေဒုသုန်တို့စီရင်သည်အတိုင်း၊ အာသပ်အမျိုးသား သီချင်းသည်တို့သည် မိမိတို့နေရာ၌ရှိကြ၏။ တံခါးစောင့်တို့သည် မိမိတို့အမှုကိုမရှောင်၊ တံခါးရှိသမျှ တို့ကို စောင့်ကြ၏။ သူတို့ညီအစ်ကိုလေဝိသားတို့သည် သူတို့အဘို့ ပြင်ဆင်ကြ၏။
16. ထိုသို့ ယောရှိမင်းကြီး မိန့်တော်မူသည်အတိုင်း ပသခါပွဲကိုခံ၍ ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ ရာယဇ်တို့ကို ပူဇော်ခြင်းငှါ၊ ထာဝရဘုရားအား ပြုရသော ဝတ်အလုံးစုံကို၊ ထိုနေ့ခြင်းတွင် ပြင်ဆင်ကြ၏။
17. စည်းဝေးသောဣသရေလအမျိုးသားတို့သည်၊ ထိုအခါပသခါပွဲကို၎င်း၊ အဇုမပွဲကို၎င်း၊ ခုနစ်ရက်ပတ်လုံးခံကြ၏။
18. ယောရှိမင်းနှင့် ယဇ်ပုရောဟိတ်၊ လေဝိသား၊ စည်းဝေးသောယုဒပြည်၊ ဣသရေလပြည်သား၊ ယေရုရှလင်မြို့သားအပေါင်းတို့ခံသော ထိုပသခါပွဲကဲ့သို့သောပွဲကို ပရောဖက်ရှမွေလလက်ထက်မှစ၍ ဣသရေလ နိုင်ငံ၌မခံ။ ထိုသို့သောပသခါပွဲကို ဣသရေလရှင်ဘုရင်တယောက်မျှ မခံ။