၂ ရာ​ချုပ် 33:22-25 Judson Bible (BJB)

22. ထိုမင်းသည် ခမည်းတော်မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော် လုပ်သော ရုပ်တုဆင်းတုရှိသမျှတို့အား ယဇ်ပူဇော်၍ ဝတ်ပြု၏။

23. ခမည်းတော်သည် ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချသကဲ့သို့ မနှိမ့်ချဘဲ အထူးသဖြင့် ပြစ်မှား၏။

24. မိမိကျွန်တို့သည် သင်းဖွဲ့၍ နန်းတော်၌ လုပ်ကြံကြ၏။

25. အာမုန်မင်းကြီး တဘက်၌သင်းဖွဲ့သောသူ အပေါင်းတို့ကို၊ ပြည်သူပြည်သားတို့သည် ကွပ်မျက်၍၊ သားတော်ယောရှိကို ခမည်းတော်အရာ၌နန်းတင်ကြ၏။

၂ ရာ​ချုပ် 33