၂ ရာ​ချုပ် 31:5-9 Judson Bible (BJB)

5. ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့ သည် အနှံ့အပြား ကြားသိကြသောအခါ၊ အဦးသီးသော စပါး၊ စပျစ်ရည်၊ ဆီ၊ ပျားရည်အစရှိ သော မြေအသီးအနှံကို၎င်း၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့တဘို့ကို၎င်း၊ များစွာဆောင်ခဲ့ကြ၏။

6. ယုဒမြို့တို့၌နေသောဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည်လည်း၊ သိုးနွားဆယ်ဘို့တဘို့ကို၎င်း၊ သူတို့၏ဘုရားသခင်ထာဝရဘုရားအား ပူဇော်၍ သန့်ရှင်းသော ဥစ္စာဆယ်ဘို့တဘို့ကို၎င်းဆောင်ခဲ့၍ အသီးအသီးပုံထားကြ၏။

7. တတိယလတွင် ပုံထားစပြု၍၊ သတ္တမလတွင် လက်စသတ်ကြ၏။

8. ပုံထားသောဥစ္စာကို၊ ဟေဇကိနှင့် မှူးမတ်တို့သည် လာ၍မြင်သောအခါ၊ ထာဝရဘုရားနှင့် ဘုရားသခင်၏ လူဣသရေလအမျိုးကို ကောင်းကြီးပေးကြ၏။

9. ထိုပုံထားသော ဥစ္စာအကြောင်းကို ဟေဇကိသည် ယဇ်ပုရောဟိတ်၊ လေဝိသားတို့၌ မေးမြန်းလျှင်၊

၂ ရာ​ချုပ် 31