၂ ရာ​ချုပ် 30:1-5 Judson Bible (BJB)

1. တဖန်ဧဖရိမ်အမျိုး၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ယေရုရှလင်မြို့၊ ဗိမာန်တော်သို့လာ၍၊ ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားအား၊ ပသခါပွဲကို ခံစေခြင်းငှါ၊ ဟေဇကိသည် စာရေး၍ပေးလိုက်လေ၏။

2. ဒုတိယလတွင်၊ ပသခါပွဲကိုခံခြင်းငှါ ရှင်ဘုရင်သည် တိုင်ပင်၍၊ မှူးတော်မတ်တော်တို့နှင့် ယေရုရှလင်မြို့၌ စည်းဝေးသော သူအပေါင်းတို့သည် စီရင်ကြပြီ။

3. ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကိုဆောင်ရွက်နိုင်မည်အကြောင်း၊ ကိုယ်ကိုသန့်ရှင်းစွာမပြုကြသေး။ ပြည်သူပြည်သားတို့သည် ယေရုရှလင်မြို့၌ မစည်းဝေးသောကြောင့် လွန်ခဲ့သောလတွင် ထိုပွဲကို မခံနိုင်ကြ။

4. ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့ သည် ထိုအမှုကို နှစ်သက်သောကြောင့်၎င်း၊ ကျမ်းစာ၌လာသည်အတိုင်း၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်၎င်း၊

5. အရပ်ရပ်တို့ကလာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား၊ ယေရုရှလင်မြို့၌ ပသခါပွဲကိုခံစေခြင်းငှါ၊ ဣသရေ လပြည်တရှောက်လုံး၊ ဗေရရှေဘမြို့မှစ၍ ဒန်မြို့တိုင်အောင်၊ ကြော်ငြာစေမည် အကြောင်း အမိန့်တော်နှင့်စီရင်ကြ၏။

၂ ရာ​ချုပ် 30