11. အာသမင်းပြုမူသော အမှုအရာအစအဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
12. နန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ခြေတော်၌ အနာ ရောဂါစွဲ၍ ပြင်းစွာ ခံရသော်လည်း၊ ထာဝရဘုရားကို မဆည်းကပ်၊ ဆေးသမားတို့ကိုသာ ဆည်းကပ်လေ၏။
13. အာသသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ နန်းစံလေးဆယ်တနှစ်တွင် အနိစ္စရောက်သဖြင့်၊
14. ဒါဝိဒ်မြို့မှာ မိမိအဘို့ မိမိလုပ်နှင့်သော သင်္ချၖိုင်း၌၊ ပြည်သားတို့သည် သင်္ဂြိုဟ်သောအခါ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို၊ ဆေးသမားအတတ်ဖြင့်ဘော်၍၊ တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်းတော်ကို တင်ထားကြ၏။ အလွန်ကြီးသောမီးရှို့ပွဲကိုလည်း ခံကြ၏။