၂ ရာ​ချုပ် 13:12-20 Judson Bible (BJB)

12. ဘုရားသခင် ကိုယ်တော်တိုင်သည်၊ ငါတို့တွင် ဗိုလ်မင်းဖြစ်တော်မူ၏။ ဘုရားသခင်၏ ယဇ်ပုရောဟိတ်တို့သည်လည်း၊ တံပိုးမှုတ်လျက် သင်တို့တဘက်၌ နှိုးဆော် ခြင်းငှါ၊ ငါတို့တွင်ရှိကြ၏။ အိုဣသရေလအမျိုးသားတို့၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားတဘက်၌ မတိုက်ကြနှင့်။ တိုက်လျှင်ရှုံးရကြလိမ့်မည်ဟု ပြောဆို၏။

13. ယေရောဗောင်သည် ယုဒလူတို့နောက်၌ မထင်မရှားတပ်ချီစေ၍၊ ကိုယ်တိုင်တဘက်၊ ချောင်းနေသောသူတဘက်၊ ယုဒတပ်ကိုဝိုင်းကြ၏။

14. ယုဒလူတို့သည် ပြန်ကြည့်သောအခါ၊ စစ်မှုဝိုင်း မိသည်ကိုမြင်လျှင်၊ ထာဝရဘုရားအားဟစ်ခေါ်၍၊ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်ကြ၏။

15. တဖန်ယုဒလူတို့သည် ကြွေးကြော်သောအခါ၊ ဘုရားသခင်သည် ယေရောဗောင်ကို အဘိယနှင့် ယုဒလူတို့ ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊

16. ဣသရေလအမျိုးသားတို့သည် ပြေး၍၊ သူတို့ကို ယုဒလူတို့လက်သို့ ဘုရားသခင်အပ်တော်မူ၏။

17. အဘိယနှင့် သူ၏လူတို့သည် ကြီးစွာသောလုပ်ကြံခြင်းကိုပြု၍၊ ရွေးချယ်သော ဣသရေလလူငါးသိန်းလဲသေသဖြင့်၊

18. ဣသရေလအမျိုးသားတို့သည်၊ ထိုအခါရှုံး၍၊ ယုဒအမျိုးသားတို့သည် ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားကို ခိုလှုံသောကြောင့် နိုင်ကြ၏။

19. အဘိယသည် ယေရောဗောင်ကို လိုက်၍၊ ဗေသလမြို့နှင့်ရွာများ၊ ယေရှနမြို့နှင့်ရွာများ၊ ဧဖရိမ်မြို့နှင့်ရွာများတို့ကို သူ့လက်မှနှုတ်ယူလေ၏။

20. အဘိယလက်ထက် ကာလပတ်လုံး၊ ယေရောဗောင်သည် နောက်တဖန်ခွန်အားကို မရပြန်။ ထာဝရ ဘုရားဒဏ်ခတ်တော်မူသဖြင့် သေလေ၏။

၂ ရာ​ချုပ် 13