၂ ရာ​ချုပ် 11:2-5 Judson Bible (BJB)

2. သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏လူရှေမာယသို့ရောက်၍၊

3. သင်သည် ရှောလမုန်သား ယုဒရှင်ဘုရင် ရောဗောင်နှင့်ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်၌ရှိသော ဣသရေလ လူအပေါင်းတို့အား ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊

4. သင်တို့ညီအစ်ကိုတို့ကို စစ်တိုက်ခြင်းငှါ ချီ၍ မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွား ကြလော့။ ဤအမှုကိုငါစီရင်ပြီဟု မိန့်တော်မူသော ထာဝရဘုရား၏ စကားတော်ကိုနားထောင်၍၊ ယေရော ဗောင်ကို စစ်မချီ၊ ပြန်သွားကြ၏။

5. ရောဗောင်သည် ယေရုရှလင်မြို့၌နေ၍၊ ယုဒပြည်၌ ခိုင်ခံ့သောမြို့ တို့ကိုပြုစုရာတွင်၊

၂ ရာ​ချုပ် 11