12. ထာဝရဘုရားသည် ဒါဝဒ်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူ ဣသရေလအမျိုးအဘို့ အလိုငှါ၊ နိုင်ငံကို ချီးမြှောက်တော်မူကြောင်းကို ဒါဝိဒ်သိမြင်၏။
13. ဒါဝိဒ်သည် ဟေဗြုန်မြို့မှပြောင်းသောနောက်၊ ယေရုရှလင်မြို့သူ မယားကြီးမယားငယ်တို့ကို ထပ်၍ သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။
14. ယေရုရှလင်မြို့၌ ဒါဝိဒ်မြင်သော သားတို့ အမည်ကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊
15. ဣဗဟာ၊ ဧလိရွှ၊ နေဖက်၊ ယာဖျာ၊
16. ဧလျာဒ၊ ဧလိဖလက်တည်း။
17. ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင် အရာ၌ခန့်ထား ကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ထိုလူအပေါင်းတို့သည် ဒါဝိဒ်ကို ရှာ၍လာကြ၏။ ထိုသိတင်းကိုဒါဝိဒ်သည် ကြားသောအခါ ရဲတိုက်သို့ သွား၏။
18. ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။