ထိုအရပ်၌ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော် လေ၏။ ထာဝရဘုရားသည်လည်း၊ ဣသရေလပြည်အဘို့ ဆုတောင်းသောစကားကို နားထောင်၍ ကာလနာ ဘေးကို ငြိမ်းစေတော်မူ၏။ဓမ္မရာဇဝင်ဒုတိယစောင်ပြီး၏။