၂ ရာ 22:36-40 Judson Bible (BJB)

36. ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍၊ သည်းခံတော်မူခြင်းအားဖြင့်အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။

37. အကျွန်ုပ်သွားသော လမ်းကို ရှင်းလင်း၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊

38. အကျွန်ုပ်သည် ရန်သူတို့ကို လိုက်ဖျက်၍၊ သူတို့ကို မပယ်ရှင်းမှီ တိုင်အောင်မပြန်ပါ။

39. သူတို့သည် အကျွန်ုပ် ခြေအောက်မှာ လဲလျက်ရှိ၍၊ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပယ်ရှင်း ပါ၏။

40. အကြောင်းမူကား၊ စစ်တိုက်စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။

၂ ရာ 22