၂ ရာ 22:20-27 Judson Bible (BJB)

20. ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။

21. ငါဖြောင့်မတ်ခြင်းရှိသည်အလျောက် ထာဝရဘုရားသည် အကျိုးကိုပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏။

22. အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏ လမ်းတော်သို့အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၍ မသွား။

23. စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏။ အထုံးအဖွဲ့တော်တို့မှမလွှဲ။

24. ရှေ့တော်မှာဖြောင့်မတ်၍ ကိုယ်ဒုစရိုက်ကို ကြဉ်ရှောင်၏ ။

25. ထိုကြောင့်ရှေ့တော်မှာ ထင်ရှားသော ငါ၏ဖြောင့်မတ်ခြင်း၊ စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ၌အကျိုးကို ပေးတော်မူပြီ။

26. သနားတတ်သောသူအား ကိုယ်တော်သည်သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်းသဘောကို၎င်း၊

27. သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကို ၎င်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သော သဘောကို ၎င်း ပြတော်မူ၏။

၂ ရာ 22