၂ ရာ 18:29-32 Judson Bible (BJB)

29. ရှင်ဘုရင်ကလည်း၊ ငါ့သား အဗရှလုံသည် ဘေးလွတ်၏လောဟု မေးတော်မူလျှင် အဟိမတ်က၊ အရှင်မင်းကြီး၏ ကျွန်ယွာဘသည် ကိုယ်တော်ကျွန် ကိုစေလွှတ်သောအခါ ရုန်းရင်းခတ်ခြင်းအမှုကို ကျွန် တော်မြင်သော်လည်း သေချာစွာမသိရပါဟု လျှောက် သော်၊

30. ရှင်ဘုရင်က၊ ဤအနားမှာ ရွှေ့၍နေလော့ဟု မိန့်တော်မူသည်အတိုင်း သူသည်ရွှေ့၍ နေလေ၏။

31. တဖန် ကုရှိရောက်လာ၍ အရှင်မင်းကြီး၊ သိတင်းပါပါ၏။ ကိုယ်တော်ကို ပုန်ကန်သော သူအပေါင်း တို့ကို ထာဝရဘုရားသည် ထိုသူ၏ အပြစ်အလျောက် ယနေ့စီရင်တော်မူပြီဟု လျှောက်လျှင်၊

32. ရှင်ဘုရင်က၊ ငါ့သားအဗရှလုံသည် ဘေးလွတ် ၏လောဟု မေးတော်မူသော်၊ ကုရှိက အရှင်မင်းကြီး၏ ရန်သူများ၊ ကိုယ်တော်ကို ညှဉ်းဆဲခြင်းငှါ ပုန်ကန်သောသူများအပေါင်းတို့သည် ထိုလုလင်ကဲ့သို့ဖြစ်ကြပါ စေသောဟု ပြန်လျှောက်လေ၏။

၂ ရာ 18