10. တာမာအားလည်း၊ သင့်လက်၌ ငါစားရအောင် အခန်းထဲသို့ ယူခဲ့လော့ဟုဆိုသည်အတိုင်း၊ တာမာသည် မိမိလုပ်သော မုန့်ပြားတို့ကို ယူ၍ မောင်အာမနုန်ရှိရာ အခန်းထဲသို့ဝင်လေ၏။
11. ထိုသို့အာမနုန်စားစရာဘို့ ယူခဲ့သောအခါ၊ သူသည် နှမလက်ကို ဆွဲ၍၊ ငါ့နှမ၊ ငါနှင့်အိပ်ပါဟု ဆို၏။
12. တာမာကလည်းမပြုပါနှင့် ငါ့မောင်။ ငါ့ကိုမရှုတ်ချပါနှင့်။ ဣသရေလအမျိုး၌ ဤသို့သောအမှုကို မပြု သင့်၊ ဤအမှုဆိုးကို မပြုပါနှင့်။