4. ဒါဝိဒ်ကလည်း၊ အမှုကားအဘယ်သို့နည်း။ ငါ့အားပြောပါလော့ဟုမေးလျှင်၊ သူက ဣသရေလလူတို့ သည် စစ်တိုက်ရာတွင် ပြေး၍အများတို့သည် လဲလျက်သေပါပြီ။ ရှောလုနှင့် သားတော်ယောနသန်လည်း သေပါပြီဟု ပြန်လျှောက်လေ၏။
5. ထိုသိတင်းကိုကြားပြောသောလုလင်အား ဒါဝိဒ်က၊ ရှောလုနှင့် သားတော်ယောနသန် သေကြောင်းကို သင်သည်အဘယ်သို့ သိသနည်းဟုမေးပြန်လျှင်၊
6. ထိုလုလင်က၊ ကျွန်တော်သည် ဂိလဗောတောင်ပေါ်သို့ အလိုလိုရောက်သောအခါ၊ ရှောလုသည် လှံတော်ကို ထောင်၍နေပါ၏။ ရထားစီးသူရဲ မြင်းစီးသူရဲတို့သည် ပြင်းထန်စွာလိုက်ကြ၏။
7. ရှောလုသည် နောက်တော်သို့ ကြည့်သဖြင့် ကျွန်တော်ကိုမြင်၍ခေါ်ပါ၏။