22. သူရဲတို့၏အသွေး၊ ခွန်အားကြီးသော သူတို့၏ ဆီဥမှ ယောနသန်၏လေးသည် နောက်သို့မလှန်။ ရှောလု ၏ထားတော်သည် ကိုယ်ချည်းပြန်၍ မလာတတ်။
23. ရှောလုနှင့်ယောနသန်သည် ချစ်တတ်သောသဘောရှိ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေဖြစ်လျက်၊ အသက်သေသောအခါ တယောက်နှင့် တယောက်မကွာ ဘဲလျက်နေကြ၏။ သူတို့သည် ရွှေလင်းတထက်မြန်၍ ခြင်္သေ့ထက် ခွန်အားကြီးကြ၏။
24. အိုဣသရေလအမျိုးသမီးတို့၊ ရှောလုကို ငိုကြွေးကြလော့။ သင်တို့ကို လှသော ကမ္ဗလာနီနှင့် ဝတ်စေ၍၊ သင်တို့အဝတ်၌လည်း ရွှေတန်ဆာနှင့် ဆင်စေတော် မူ၏။