၂ ပေ 2:21-22 Judson Bible (BJB)

21. ဖြောင့်မတ်ခြင်းတရားလမ်းကိုသိ၍၊ မိမိခံခဲ့ပြီးသော သန့်ရှင်းသော ပညတ်ကိုတဖန်စွန့်ပစ်သည်ထက်၊ ထိုလမ်းကိုမသိဘဲနေသော် သာ၍ကောင်း၏။

22. ခွေးသည် မိမိဘန်ဖတ်ကိုပြန်၍စား၏။ ဝက် သည်လည်းဆေးပြီးမှ ရွံ့တွင်းလူးပြန်၏ဟု မှန်သော စကားပုံသည် ထိုသူတို့၌ပြည့်စုံသတည်း။

၂ ပေ 2