19. ပြစ်ကိလနှင့်အာကုလမှစ၍ ဩနေသိဇော်၏ အိမ်သူအိမ်သားများကို နှုတ်ဆက်လော့။
20. ဧရက္ကုသည် ကောရိနသုမြို့၌နေ၏။ တရောဇိမ်သည် နာ၍ မိလက်မြို့၌ငါထားခဲ့၏။
21. ဆောင်းကာလမရောက်မှကြိုးစား၍ လာခဲ့ လော့။ ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိမှစ၍ ညီအစ်ကို အပေါင်းတို့သည် သင့်ကို နှုတ်ဆက်ကြ၏။
22. သခင်ယေရှုခရစ်သည် သင်၏စိတ်ဝိညာဉ်နှင့် အတူရှိတော်မူပါစေသော။ သင်၌ကျေးဇူးတော်ရှိစေသတည်း။ အာမင်။တိမောသေဩဝါဒစာဒုတိယစောင်ပြီး၏။