1. သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင်၏ အမူအရာများကို သင်တို့အား ငါရေး၍ကြားလိုက်သော် အကျိုးမရှိ။
2. အကြောင်းမူကား၊ သင်တို့၏ စေတနာစိတ်ကိုငါသိ၏။ သင်တို့၌ရှိသော ထိုစေတနာစိတ်ကို ငါဝါကြွား၍ အခါယပြည်သူပြည်သားတို့သည် မနှစ်ကပင် အသင့်ရှိကြပြီဟု မာကေဒေါနိလူတို့အား ငါဆို တိတ်၏။ ထိုသို့ သင်တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည် အများသောသူတို့ကို နှိုးဆော် တိုက်တွန်းလေပြီ။
3. သို့သော်လည်းငါတို့သည် သင်တို့ကို ဝါကြွားသော စကားသည် ဤအမှု၌ အချည်းနှီးမဖြစ်စေဘဲ၊ ထိုစကားနှင့်အညီ သင်တို့သည်အသင့်ရှိစေခြင်းငှါ ညီအစ်ကိုအချို့ကို ငါစေလွှတ်၏။
4. သို့မဟုတ် မာကေဒေါနိလူတို့သည် ငါနှင့်အတူ လာ၍ သင်တို့သည်အသင့်မရှိကြသည်ကိုတွေ့လျှင်၊ သင်တို့ရှက်ကြလိမ့်မည်ဟု မဆိုဘဲ၊ ငါတို့သည် ရဲရင့်စွာ ဝါကြွားခဲ့ပြီးသည်ကို အရှက်ခံရကြလိမ့်မည်။