၂ ကော 8:9-14 Judson Bible (BJB)

9. အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသော ကျေးဇူးတော်ကို သင်တို့ သိကြ၏။

10. ဤအမှု၌ငါသည် ကိုယ်သဘောကိုပြ၏။ မနှစ်ကပင်အဦးပြုသည်သာမက၊ စေတနာစိတ်နှင့် ပြည့်စုံသောသင်တို့သည် ဤအမှုကိုပြီးစေလျှင် သာ၍ ကောင်းလိမ့်မည်။

11. သို့ဖြစ်၍၊ အထက်ကစေတနာရှိသည်နှင့်အညီ၊ ယခုတွင်သင်တို့သည် တတ်နိုင်သည်အတိုင်းပြု၍ ဤအမှုကို ပြီးစီးစေကြလော့။

12. အကြောင်းမူကား၊ စေတနာစိတ်သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍ နှစ်သက်တော်မူဘွယ်ဖြစ်၏။

13. ဤအမူရာ၌ အခြားသောသူတို့သည် ချမ်းသာရ၍ သင်တို့သည်ဆင်းရဲစေခြင်းငှါ ငါအကြံရှိသည် မဟုတ်။

14. များများရသောသူမပို။ နည်းနည်းရသော သူမလိုဟူသောကျမ်း စကားနှင့်အညီ၊

၂ ကော 8