၂ ကော 5:6-9 Judson Bible (BJB)

6. ထို့ကြောင့် ငါတို့သည် ကိုယ်ခန္ဓာ၌ နေမြဲနေစဉ်ကာလ၊ သခင်ဘုရားနှင့် ကွာဝေးရာအရပ်၌နေသည်ကို ငါတို့သည်သိလျက်၊

7. အစဉ် ရဲရင့်သောစိတ်ရှိကြ၏။ မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမှုသည်ဖြစ်၍၊

8. ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့သွား၍၊ သခင်ဘုရားထံတော်၌ နေမြဲနေခြင်းငှါ အလိုရှိလျက်၊ ရဲရင့်သောစိတ်နှင့်ပြည့်စုံကြ၏။

9. ထို့ကြောင့်ငါတို့သည် နေမြဲအရပ်၌ နေသည်ဖြစ်စေ၊ ကွာဝေးရာအရပ်၌နေသည်ဖြစ်စေ၊ သခင်ဘုရား နှစ်သက်တော်မူသော သူဖြစ်ခြင်းငှါ စေတနာစိတ်ရှိ၍ ကြိုးစားအားထုတ်ကြ၏။

၂ ကော 5