8. သင်တို့အမှုကိုဆောင်ရွက်မည်အကြောင်း၊ အခြားသောအသင်းတော်များပေးသောစရိတ်ကို ငါခံ၍၊ သူတို့ကို လုယူရာသို့ရောက်လေပြီတကား။
9. သင်တို့နှင့်အတူရှိနေ၍ တစုံတခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောင့်ရှက်။ အကြောင်းမူကား၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ၏။ သင်တို့ကို အလျှင်းမနှောင့်ယှက်ဘဲ သတိနှင့်နေခဲ့ပြီ။ နောင်၌လည်း သတိနှင့်နေဦးမည်။
10. ခရစ်တော်၏သစ္စာတရားသည် ငါ၌ ရှိသည် ဖြစ်၍၊ အခါယပြည်များတို့၌ ဤသို့ ငါဝါကြွားသည်အမှု ကို အဘယ်သူမျှမဆီးတားရ။