၂ ကော 10:1-3 Judson Bible (BJB)

1. သင်တို့၏မျက်မှောက်၌နှိမ့်ချခြင်း၊ မျက်ကွယ်၌ သင်တို့ အမှုကိုစီရင်၍ ရဲရင့်ခြင်းရှိသော ငါပေါလုသည်၊ ခရစ်တော်၏နူးညံ့သိမ်မွေ့ဖြည်းညှင်းတော်မူခြင်းကို အကြောင်းပြ၍ သင်တို့ကိုတောင်းပန်ပါ၏။

2. ငါတို့သည်ဇာတိပကတိအလိုသို့လိုက်၍ ကျင့်သောသူဖြစ်ကြသည်ဟု ထင်မှတ်သောသူတို့အား၊ ငါကြံစည်သောရဲရင့်ခြင်းအတိုင်း သင်တို့ဆီသို့ရောက်လာသောအခါ၊ ထိုမျှလောက်ရဲရင့်ခြင်းမရှိမည်အကြောင်း ငါတောင်းပန်ပါ၏။

3. အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် လူဇာတိ၌ ကျင်လည်သော်လည်း၊ ဇာတိပကတိအလိုသို့ လိုက်၍ စစ်တိုက်ကြသည်မဟုတ်။

15-16. ငါတို့သည် ကိုယ်ငန်းကိုယ်တာကိုလွန်ကျူး၍၊ သူတပါးအလုပ်ထဲသို့ဝင်ခြင်းကြောင့် ဝါကြွား လေ့ရှိကြသည်မဟုတ်။ ထိုသို့သူ့ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင်တို့ ပြည်တဘက်သို့ကူး၍ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့ယုံကြည်ခြင်း ပါရမီ ရင့်ပြီးမှ၊ ငါတို့၏အငန်းအတာသည် အလွန်ကျယ်ဝန်းမည်ဟု မြော်လင့်ခြင်းရှိ၏။

၂ ကော 10