၂ ကော 1:21-24 Judson Bible (BJB)

21. သင်တို့နှင့်ငါတို့ကို ခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသော သူကား၊ ဘုရားသခင်ဖြစ်သတည်း။

22. ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ်၍ ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စားရန်ကိုသွင်းပေးတော်မူ၏။

23. ငါသည်သင်တို့ကို သနားသောကြောင့်သာ ယခုတိုင်အောင် ကောရိနသုမြို့သို့မလာဟု ငါစိတ်ဝိညာဉ် ဘက်၌ ဘုရားသခင်ကို ငါတိုင်တည်၏။

24. ထိုသို့ဆိုသော်လည်း၊ ငါတို့သည်သင်တို့၏ ယုံကြည်ခြင်းကို အစိုးရသည်မဟုတ်။ သင်တို့၏ ဝမ်မြောက်ခြင်းအကြောင်းကို ကူမ၍သာပြုကြ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ယုံကြည်ခြင်းအားဖြင့် သင်တို့သည်တည်နိုင်ကြ၏။

၂ ကော 1