၁ ရာ​ချုပ် 8:38-40 Judson Bible (BJB)

38. အာဇေလသား ခြောက်ယောက်အမည်ကား အာဇရိကံ၊ ဗောခေရု၊ ဣရှမေလ၊ ရှရိယ၊ ဩဗဒိ၊ ဟာနန်တည်း။

39. အာဇေလညီ ဧရှက်သားဦးကား ဥလံ၊ ဒုတိယသား ယေဟုတ်၊ တတိယသား ဧလိဖလက်တည်း။

40. ဥလံသားတို့သည် ခွန်အားကြီးသော လေးသူရဲ ဖြစ်ကြ၏။ သားမြေးများ၍ ပေါင်းတရာငါးဆယ်ရှိကြ၏။ ဤရွေ့ကား၊ ဗင်္ယာမိန်သားစဉ်မြေးဆက်ဖြစ်သတည်း။

၁ ရာ​ချုပ် 8