၁ ရာ​ချုပ် 7:5-9 Judson Bible (BJB)

5. သူတို့ညီအစ်ကို ဣသခါအဆွေအမျိုးအပေါင်းတို့သည် ခွန်အားကြီးသောသူရဲဖြစ်၍၊ သားစဉ်မြေးဆက်စာရင်းဝင်သည်အတိုင်း၊ ရှစ်သောင်းခုနစ်ထောင် ရှိကြ၏။

6. ဗင်္ယာမိန်သားကားဗေလ၊ ဗေခါ၊ ယေဒယေလ၊ ပေါင်းသုံးယောက်တည်း။

7. ဗေလသားကား အဆွေအမျိုးသူကြီးဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် ခွန်အားကြီးသောသူရဲဖြစ်၍၊ သားစဉ် မြေးဆက် စာရင်းဝင်သည်အတိုင်း၊ နှစ်သောင်း နှစ်ထောင်သုံးဆယ် လေးယောက်ရှိကြ၏။

8. ဗေခါသားကား ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိဩနဲ၊ ဩမရိ၊ ယေရိမုတ်၊ အဘိယ၊ အာနသုတ်၊ အာလမက်တည်း။

9. သားစဉ်မြေးဆက်စာရင်းဝင်၍၊ အဆွေအမျိုး သူကြီးအသီးအသီးအလိုက်၊ ခွန်အားကြီးသော သူရဲနှစ်သောင်းနှစ်ထောင်နှစ်ရာရှိကြ၏။

၁ ရာ​ချုပ် 7